
ဝါလမူလမှာနေတဲ့ ရှစ်နှစ်အရွယ်ရှိကလေးမလေးတစ်ယောက်က သူမရဲ့ဖခင် ဒေသသုံးအတွက် ထုတ်လုပ်တဲ့ သေနတ်ကို ဆော့ကစားရင်း ကိုယ့်ကိုကို မှားယွင်းပစ်မိပြီး ဒီနေ့(ဒီဇင်ဘာလ ၂၂ ရက်) နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ ကလေးမလေးက ၀ါလမူလ အခြေစိုက် ဆေးရုံကို တက်ရောက်လို့ပြီးမှာ သူမဒဏ်ရာနှင့်ဘဲ သေဆုံးသွားခဲ့ပါတယ်။
ရဲထောက်လှမ်းရေး ဖြစ်တဲ့ ပြောဆိုခွင့်ရှိသူ SSP I.M Karunaratne က ကလေးမရဲ့ဖခင်ဟာ တောလိုက်တဲ့အခါမှာ သုံးဖို့ရည်ရွယ်ချက်နှင့် လက်ပွန်းတသီးရှိနေတဲ့လက်နက်ကိုကိုင်ဆောင်ခွင့် လိုင်စင်ရှိတယ်လို့ ပြောဆိုသွားပါတယ်။
ရဲတွေကတော့ စုံစမ်းစစ်ဆေးဖို့ လုပ်နေကြဆဲပါပဲ။
(သီရိလင်္ကာ)
ဒီမှာတိုက်ရိုက်ကြည့်နိုင်ပါတယ်
သမ္မတ မဟိန္ဒက ဂုရုနေဂလမြို့မှာ ပညာရေးထောက်ပံ့သူတွေနှင့် စီးပွါးရေးသမားအဖွဲ့အစည်းတွေကို မိန့်ခွန်းပြောရင်း....... ဒီနိုင်ငံကို သူပုန်သောင်းကျန်းမှုကနေ လွတ်မြောက်ဖို့ ပြည်သူတွေကို ပေးထားတဲ့ ကတိကို သူဖြည့်ဆည်းနိုင်ခဲ့ပြီလို့ တနင်္ဂနွေနေ့မှာ ပြောကြားသွားပါတယ်။
နိုင်ငံတကာတွေရဲ့ဖိအားပေးမှုတွေကြေင့် နောက်ဆုတ်ရတဲ့အခါလည်း ရှိပါတယ် ။ အဲဒီတုံးက ကျွန်တော်တို့ရဲ့ နိုင်ငံရေးခေါင်းဆောင်တွေကလည်း အခွင့်အရေးတွေကို နားလည်ဖို့ ပျက်ကွက်ခဲ့တယ် ပြီးတော့ နိုင်ငံရေးခေါင်းဆောင်တွေကို လုပ်ကြံမှုနှင့် ဗုံးဖောက်ခွဲမှု မှာ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကိုလည်း ဖြစ်ပေါ်စေခဲ့တယ်။ အခုတော့ ကျွန်တော်တို့ နိုင်ငံဟာ သူပုန်အန္တရာယ်ကနေ လွှတ်မြောက်သွားပြီလို့ ပြောကြားသွားပါတယ်။
ဆက်လက်ဖတ်ရှုရန်
ယနေ့ခေတ် လူငယ်တွေ ရုတ်တရက် လက်ခံဖို့ ခက်ခဲတဲ့ အမှန်တရား တစ်ခု ရှိပါတယ်။ လောကကြီးမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ တန်ခိုး စွမ်းအား တစ်ခုဟာ လူတွေ ရဲ့ တရားမှု မတရားမှု အပေါ် ဘက်လိုက်မှု မရှိဘဲ အချိန် ကာလ တစ်ခု အောက်မှာ အရိပ်လို လိုက်လာပြီး ဆုပေး ဒဏ်ပေး စနစ်မျိုး နဲ့ စီရင် ပေးတတ်တဲ့ သဘော တရားကိုပါ။ကျွန်တော် သိတဲ့ မိသားစု တစ်ခုရဲ့ သားကြီး ဖြစ်သူဟာ မိသားစု အားလုံး၊ အထူး သဖြင့် ဖခင်ကြီးက လုံးဝ သဘော မတူတဲ့ သူ့ကောင်မလေး ကိစ္စနဲ့ ပတ်သက်ပြီး ဖခင် ဖြစ်သူနဲ့ အခြေ အတင် စကား များရာက ဖခင် ဖြစ်သူကို မူးမူး နဲ့ လက်သီး နဲ့ ပိတ်ထိုး ခဲ့ပြီး သူ အလုပ်လုပ်တဲ့ စက်ရုံကို ထွက်သွား ပါတယ်။ တစ်နာရီ လောက်ပဲ ကြာပါတယ်။ လည် နေတဲ့ စက်ထဲ သူ့ညာဘက် အင်္ကျီလက်ရှည် အစဟာ စက်ထဲ ငြိပါ သွားတာ၊ သူ့လက်ကိုပါ ဆောင့်ဆွဲ သလို ဖြစ်ပြီး လက်မောင်းရင်း ကနေ သူ့လက် တစ်ခုလုံး ပြုတ်ပါ သွားတယ်။ ဒီနေ့ထိ သူ့ကို လက် တစ်ဖက်ပြတ်(ဒေးဗစ်ချန်း) ဆိုပြီး အများက ခေါ်ကြတာ တွေ့ရ ပါတယ်။ဆက်လက်ဖတ်ရှုရန်
ဆက်လက်လုပ်ဆောင်မည့် GPS ရဲ့ အနာဂတ်စီမံကိန်း ကို မသတ်မှတ် မဆုံးဖြတ်ခင် သီရိလင်္ကာနိုင်ငံရဲ့ နိုင်ငံတွင်းအခြေ အနေကို ဥရောပ အုပ်စုက ထည့်စဉ်းစားသင့်ကြောင်း သီရိလင်္ကာက ပြောကြားလိုက်ပါသည်။ ဒီနေ့ ဒီဇင်ဘာ(၁၀) ရက် နေ့ ညနေမှာ ဒီအကြောင်းအရာကို ပြောနေရင်း ..... လူအခွင့်အရေးဝန်ကြီးဌာနာက မဟိန္ဒ သမာရသင်ဂ်ီက လူ့အခွင့်အရေးကို ကာကွယ်ထောက်ပံ့ရေးနှင့်တိုးတက်စေရေးအတွက် နိုင်ငံတကာ လုပ်ဆောင်မှု အစီအစဉ်ကို မကြာခင်မှာထုတ်ပြန်ခွင့်ပြုသင့်သလို နိုင်ငံတွင်းက လူ့အခွင့်အရေး အဆင့်အတန်းတွေလည်း တိုးတက်လာလိမ့်မယ်လို့ ပြောကြားလိုက်ပါသည်။
စစ်ပွဲကလည်း ပြိးကာစလည်းဖြစ်တော့ ရှေ့ဆက်ပြီး အလုပ်လုပ်ချင်ပေမယ့် လမ်းဆုံးနေတော့ တခြားနိုင်ငံတွေမှာလည်း နိုင်ငံတွင်းမှာ လူ့အခွင့်အရေးကို ခွင့်ပြုနေတယ်ဆိုတဲ့အချက်ကိုတော့ ဥရောပက ထည့်စဉ်းစားသင့်ကြောင်း ၀န်ကြီးက ပြောဆိုသွားပါသည်။...........
http://www.dailymirror.lk