စိတ်ကောင်းရှိဖို့က ပထမ

Friday, February 5, 2010

ကြိုတင်ပြင်ဆင် ဉာဏ်နှင့်ယှဉ်

ဘုန်းကြီးတို့ သူတော်စင်တွေ ကျန်းမာရေး ဖေါက်ပြန်လို့ အိပ်ယာညောင်စောင်းပေါ် ရောက်တဲ့အခါကျမှ ဒါနပြုဖို့လည်း မလွယ်၊ သီလစောင့်ဖို့လည်း မလွယ်၊ ၀ိပဿာနာဘာဝနာတရား အားထုတ်ဖို့ ဆိုတာတော့ သာ၍ပင်ခက်ခဲကြမယ်၊

ဒါ့ကြောင့် ကျန်းမာရေး ကောင်းတုံး ဉာဏ်ပညာ ထက်မြက်တုံး ဒါန သီလ ဘာဝနာတရားတွေကိုကြိုးစား ပြီးတော့ ပြုလုပ်အားထုတ်ကြရမယ်။

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ သူငယ်တော်ရွာ၊ တောရကျောင်းဆရာတော်

Monday, February 1, 2010


ဂုဏ်တော်ကို ပွား အကုသိုလ် ပါး

အင်မတန် ထူးခြား မြင့်မြတ်တဲ့ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်မိကြရတာဟာ ရှေးကံ အတော့်ကို ကောင်းလို့
ဖြစ်တယ်၊ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကိ အာရုံပြုနေရ အောက်မေ့ရတာဟာ စိတ်ချမ်းသာဖို့
ကောင်းလှတယ်။
ဘုရားရှင်ကို မှန်းပြီး လှူဒါန်းပူဇော်နေရတာဟာ အကျိုးကြီးလှတယ်။
ဘုရားဂုဏ်တော်တွေကို အာရုံပြုလိုက်ရရင် ကိုယ့်သန္တာန်မှာ ကိလေသာ အနှောက်အကျုတွေ ကင်းဝေးပြီး
ကုသိုလ်စိတ်တွေ များလှတာကြောင့် ထပ်ကာထပ်ကာ အာရုံပြုနေရင် ကိလေသာတွေ နည်းပါးသလောက်
ပိုနည်းသွားမယ်။
အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်


Sunday, January 31, 2010


ကမ္ဘာကြီး အေးချမ်းလာအောင်


"လူတိုင်း တရားထိုင်သင့်တယ်" လို့ ဘုန်းကြီးမြင်တယ်၊ အထက်ပိုင်း ၀ိပဿနာအထိ မဟုတ်တောင်မှ အခြေခံအောက်ပိုင်း သမထသဘောလောက်ပဲ ဖြစ်ဖြစ် ထိုင်ကို ထိုင်ကြမှ ဖြစ်မယ်။

ဒါမှ စိတ်တည်ငြိမ်မယ်၊ စိတ်တည်ငြိမ်မှ သမာဓိရပြီး ကောင်းကျိုး ဆိုးပြစ်ကို ပိုခွဲခြားလာနိုင်မယ်၊

ဒါမှ ကမ္ဘာကြီး အေးချမ်းမယ်။

အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်

Friday, January 29, 2010


ကျွေးမလား မကျွေးဘူးလား >>>>>>










THE MOST BEAUTIFUL PERSON ON THIS EARTH…
OUR BEST CRITIC …
YET OUR STRONGEST SUPPORTER…
"MOTHER"










Thursday, January 28, 2010


မှန်တယ်

လောကရဲ့ ပေါ်ပြူလာကမ္ပည်းဟာ
နံရံတဖက်ခြားက
အ၀ိဇ္ဇာတရားနှင့် လိုလားမှုဆန္ဒလို့
သိပါလျှက်ကယ်နဲ့
အကြောင်းမဲ့အော်ငြီးနေသူအတွက်
မြည်ဟီးခြင်းရဲ့
အကျိုးတရားမှာတော့ ဘယ်ခမ်းနားနိုင်မှာလဲ ......။

ကောင်းကင်ပြာရေ....
တကမ္ဘာလုံးကို ခုန်အုပ်လို့ရတယ်ဆိုတဲ့
မင်းရဲ့ စွမ်းအင်တွေနဲ့
မျက်ရည်နုနုပေါ် ထိုင်ရဖူးပြီပေါ့........။

အေးပါလေ...
"ချိုမြပါရဲ့" ဆိုတဲ့ ဂီတတေးတွေတောင်
"အမုန်း" ဆိုတဲ့ ခေါင်းစဉ်တွေ
အဖန်ဖန် အတပ်ခံရသေးတာပဲ.......။
ကျွန်တော်တော့ဗျာ...
ကမ်းစပ်မရောက်ခင်က ဖမ်းလိုက်ရတဲ့
ငါးကလေးကိုပဲ
တမ်းတနေမိတယ်......။

တကယ်လို့
ကျွန်ပ်ရဲ့ မြည်တမ်းမှုဟာ
မှားတယ်ဆိုရင်.........
.............................
ဂိရဂ္ဂသား

ခိုင်မြဲကျော်စွာ(မြားနတ်မောင်)ရဲ့
တံငါကဗျာကို မှီးသည်။ ။

Friday, January 22, 2010

တိုးတက်ကြီးပွါးဖို့ ခေါင်းဆောင်ကောင်းလိုအပ်

တစ်နေ့မှာ ကိုယ်ဟာ လူကြီးဖြစ်လာရတော့မယ်၊ လူကြီးဖြစ်လာချိန်မှာ "လူကောင်း ဖြစ်နေဖို့လိုတယ်"၊ ဒါမှ
"လူကြီး လူကောင်း" ဖြစ်မယ်။

နေရာတစ်ခုမှာ ကိုယ်က ခေါင်းဆောင် လုပ်ရတော့မယ်ဆိုရင် သတ္တိရှိဖို့ လုပ်ရဲဖို့လိုတယ်၊ တရားသဖြင့် အုပ်ချုပ် ရမယ်၊ တရားသဖြင့် ဟောပြော ပြသပေးရမယ်။

တိုးတက်ကြီးပွါးဖို့ဆိုရင် လမ်းမှန်ကို ရောက်အောင် ညွှန်ပြမယ့် ခေါင်းဆောင်ကောင်းရှိဖို့ အထူးလိုပါတယ်။

အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်

လာရောက်သူမိတ်ဆွေသူငယ်ချင်းများအားလုံး ကျန်းမာရွှင်လန်း ချမ်းမြေ့ကြပါစေ