ကမ္ဘာကြီး အေးချမ်းလာအောင်"လူတိုင်း တရားထိုင်သင့်တယ်" လို့ ဘုန်းကြီးမြင်တယ်၊ အထက်ပိုင်း ၀ိပဿနာအထိ မဟုတ်တောင်မှ အခြေခံအောက်ပိုင်း သမထသဘောလောက်ပဲ ဖြစ်ဖြစ် ထိုင်ကို ထိုင်ကြမှ ဖြစ်မယ်။
ဒါမှ စိတ်တည်ငြိမ်မယ်၊ စိတ်တည်ငြိမ်မှ သမာဓိရပြီး ကောင်းကျိုး ဆိုးပြစ်ကို ပိုခွဲခြားလာနိုင်မယ်၊
ဒါမှ ကမ္ဘာကြီး အေးချမ်းမယ်။
အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်
ကျွေးမလား မကျွေးဘူးလား >>>>>>
မှန်တယ်လောကရဲ့ ပေါ်ပြူလာကမ္ပည်းဟာ
နံရံတဖက်ခြားက
အ၀ိဇ္ဇာတရားနှင့် လိုလားမှုဆန္ဒလို့
သိပါလျှက်ကယ်နဲ့
အကြောင်းမဲ့အော်ငြီးနေသူအတွက်
မြည်ဟီးခြင်းရဲ့
အကျိုးတရားမှာတော့ ဘယ်ခမ်းနားနိုင်မှာလဲ ......။
ကောင်းကင်ပြာရေ....
တကမ္ဘာလုံးကို ခုန်အုပ်လို့ရတယ်ဆိုတဲ့
မင်းရဲ့ စွမ်းအင်တွေနဲ့
မျက်ရည်နုနုပေါ် ထိုင်ရဖူးပြီပေါ့........။
အေးပါလေ...
"ချိုမြပါရဲ့" ဆိုတဲ့ ဂီတတေးတွေတောင်
"အမုန်း" ဆိုတဲ့ ခေါင်းစဉ်တွေ
အဖန်ဖန် အတပ်ခံရသေးတာပဲ.......။
ကျွန်တော်တော့ဗျာ...
ကမ်းစပ်မရောက်ခင်က ဖမ်းလိုက်ရတဲ့
ငါးကလေးကိုပဲ
တမ်းတနေမိတယ်......။
တကယ်လို့
ကျွန်ပ်ရဲ့ မြည်တမ်းမှုဟာ
မှားတယ်ဆိုရင်.........
.............................
ဂိရဂ္ဂသား
ခိုင်မြဲကျော်စွာ(မြားနတ်မောင်)ရဲ့
တံငါကဗျာကို မှီးသည်။ ။
တိုးတက်ကြီးပွါးဖို့ ခေါင်းဆောင်ကောင်းလိုအပ်တစ်နေ့မှာ ကိုယ်ဟာ လူကြီးဖြစ်လာရတော့မယ်၊ လူကြီးဖြစ်လာချိန်မှာ "လူကောင်း ဖြစ်နေဖို့လိုတယ်"၊ ဒါမှ
"လူကြီး လူကောင်း" ဖြစ်မယ်။
နေရာတစ်ခုမှာ ကိုယ်က ခေါင်းဆောင် လုပ်ရတော့မယ်ဆိုရင် သတ္တိရှိဖို့ လုပ်ရဲဖို့လိုတယ်၊ တရားသဖြင့် အုပ်ချုပ် ရမယ်၊ တရားသဖြင့် ဟောပြော ပြသပေးရမယ်။
တိုးတက်ကြီးပွါးဖို့ဆိုရင် လမ်းမှန်ကို ရောက်အောင် ညွှန်ပြမယ့် ခေါင်းဆောင်ကောင်းရှိဖို့ အထူးလိုပါတယ်။
အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်
စိတ်ချမ်းသာအောင် လုပ်နည်းရုပ်ကောင်း စိတ်ကောင်းဆိုတဲ့ အကောင်းနှစ်ရပ်မှာ ရုပ်ကောင်းတာထက် စိတ်ထားကောင်းတာက
ပိုပြီး အဖိုးတန်ပါတယ်။ ဒါပေမယ့် ရုပ်ကျန်းမာဖို့ကိုတော့ သတိပြု စောင့်ရှောက်ကြရမယ်။
စိတ်ထောင်းတော့ ကိုယ်ကျေ စိတ်ပျိုတော့ ကိုယ်နု ဆိုသလို စိတ်ဆင်းရဲရင် ရုပ်လည်း ညှိုးလာ တတ်တယ်၊ ဒါ့ကြောင့် စိတ်ကို ရင်ထဲကပါ ချမ်းသာလာအောင် အဆက်မပြတ် ကုသိုလ်စိတ်တွေ ဖြစ်စေရမယ်၊ တတ်နိုင်သမျှ လှူ၊ ကိုယ်ကျင့် ကောင်းအောင်လုပ်၊ ဗုဒ္ဓါနုဿတိနဲ့ မေတ္တာပွား စိတ်ချမ်းသာ သွားပါလိမ့်မယ်။
အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်
လူချမ်းသာ အစစ်ကို ရချင်လျှင်စာရိတ္တကျဆင်းတာတစ်ခုကို မပြုပြင်ဘဲ ကျန်တဲ့ဟာတွေကို ပြုပြင်နိုင်တယ်ဆိုဦး, ကိုယ်စိတ်ချမ်းသာရာကို ရနိုင်ကြမှာ မဟုတ်ပါဘူး။
တကယ်လို့ ချမ်းသာတယ် ဆိုရင်တောင် သောက ကင်းဝေးပြီး ငြိမ်းအေးတဲ့ လူ့ချမ်းသာမျိုး မဟုတ်ဘဲ တိရစ္ဆာန်ချမ်းသာမျိုးပဲ ဖြစ်လိမ့်မယ်။
ဒါ့ကြောင့် စာရိတ္တကို ရှေ့တန်းတင် ထိန်းကျောင်း ပြုပြင်ပေးနိုင်ပါမှ လူ့ချမ်းသာအစစ်ကို ရနိုင်ကြမှာ ဖြစ်မယ်။
အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်