စိတ်ကောင်းရှိဖို့က ပထမ

Wednesday, January 6, 2010

အင်ဒိုနီးရှားရဲက တရားမ၀င် ၀င်ရောက်လာတဲ့ သီရိလင်္ကာနိုင်ငံသား ၁၁ ယောက်ကို ဖမ်းဆီးမိ

အင်ဒိုနီးရှားနိုင်ငံ ဆုမတြာကျွန်း ကီပူလ၀န်ရီယူးပိုင်း ဘင်တန်မြို့ရှိ ရဲတွေက တရားမ၀င် ၀င်ရောက်
လာတဲ့ သီရိလင်္ကာနိုင်ငံသား ၁၁- ယောက်ကို တနင်္လာနေ့မှာ ဖမ်းမိသွားခဲ့ပါတယ်။
နံနက်ပိုင်း ၆ နာရီဝန်းကျင်တွင် နိဗ္ဗာနဥယျဉ်ထဲက အပန်းဖြေစခန်း ထောင့်တစ်နေရာမှာ ပုန်းနေတာ
ကို ကျွန်တော်တို့ ဖမ်းမိသွားတယ် လို့ ဘင်တန်မြို့ရဲ့ အထူးတာဝန်ရှိသူ ရဲမှူးကြီး ယူဟနီ ၀စ်ဒိုဒိုက အန်တရ
သတင်းဌာနကို ပြောသွားပါတယ်။
ဆက်လက်ဖတ်ရှုရန်



အရွယ်ကောင်းသူ လူလတ်ပိုင်း ၇-ယောက် ပြီးတော့ အမျိုးသမီး ၂-ယောက်နှင့် ကလေးငယ် ၂-ယောက်က အင်ဒိုနီးရှားနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ဆိုတဲ့ ဆင်ခြေ ဆင်လက် အကြောင်းပြချက်တွေနှင့် မလေးကနေ ရေလမ်းအတိုင်း ဖြတ်ကူးလာတာပါ၊ အင်ဒိုနီးရှားခရီးစဉ်ကို စီစဉ်ပေးတဲ့ မလေးက ပွဲစားကိုလည်း အမေ ရိကန်ဒေါ်လာ ၁၀၀၀-စီတောင် ပေးခဲ့ရပါသေးတယ်လို့ ၀င်ရောက်လာသူတို့ ရဲ့ စကားအရယူဟနီက ပြောပြသွားပါတယ်။

သူတို့ထဲက နှစ်ဦးဟာမလေးနိုင်ငံက ယူအန်အိပ်ခ်ျစီ အာ(ရ်) က စာရွက်စာတမ်းတွေ ရှိသလို ကျန်ခုနှစ်
ဦးမှာလည်း ထောက်ခံစာ စာရွက်တွေ ကိုင်ဆောင်ထားတာကို တွေ့ရပါတယ်။ အခု ၀င်ရောက်လာသူတွေဟာ မလေးရှားနိုင်ငံက မျက်ကွယ်ပြုခံရတော့ တခြားနိုင်ငံတွေမှာ ခိုလှုံခွင့်ကို ရှာတာဖြစ်တယ် ပြီးတော့ မလေးက သူတို့ ပတ်ဝန်းကျင်က လူတွေလည်း ဒီနိုင်ငံထက် ပိုကောင်းတဲ့ အင်ဒိုနီးရှား နိုင်ငံကို သွားဖို့ အကြံပေးကြတယ် လို့လည်း လူဝင်မှုကြိးကြပ်သူရဲ့စကား အရ ကြားသိရပါတယ်။
ယူဟနီက အင်မီကရေးရှင်းရုံးနှင့် ချိတ်ဆက်မိပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စတွေကိုလည်း အဲဒီရုံးဝန်ထမ်းတွေကိုပဲ လွဲပြောင်းပေးသွားပါတယ်။


0 comments:

Post a Comment

လာရောက်သူမိတ်ဆွေသူငယ်ချင်းများအားလုံး ကျန်းမာရွှင်လန်း ချမ်းမြေ့ကြပါစေ